Concept 3
Grain of Origin


Concept:
ဒီ Concept ကို Brand ရဲ့ အခြေခံအကျဆုံးသင်္ကေတဖြစ်တဲ့ ဆန်စေ့ပုံစံလေးကို အခြေခံပြီး အကောင်အထည်ဖော်ထားပါတယ်။ ဆန်စေ့ပုံစံထဲမှာမှ စပါးနှံအခက် Pattern လေး ကို ထည့်သွင်းဖန်တီးထားပါတယ်။ ဒီ Concept ကတော့ သဘာဝ၊ ယဉ်ကျေးမှုနဲ့ စိုက်ပျိုးရေး ဆိုတဲ့ အဓိကအချက်သုံးခုကို သေသပ်စွာ ချိတ်ဆက်ပေးပြီး၊ ရွှေဘိုဆန်ရဲ့ အမွေအနှစ်ကို ကိုယ်စားပြုနိုင်တဲ့ Brand Identity တစ်ခု ဖြစ်စေပါတယ်။
Typography:
လုံးဝန်းတဲ့ မြန်မာစာလုံးပုံစံတွေက နွေးထွေးမှုနဲ့ အလွယ်တကူလက်ခံနိုင်မှု ကို ပေးစွမ်းပါတယ်။ အပြင်ဘက် Structure ကတော့ ခိုင်မာတဲ့ ဖွဲ့စည်းပုံရှိတာကြောင့် Packaging နဲ့ Brand အသုံးချမှုတွေမှာ sustainable and effective ဖြစ်အောင် ဖန်တီးပေးထားပါတယ်။
Colors Psychology




အဝါနုရောင် (Warm Cream) သဘာဝဆန်အရောင်ကို ကိုယ်စားပြုပြီး သန့်ရှင်းမှုနဲ့ ရိုးရှင်းမှုကို ဖော်ပြပေးပါတယ်။
ရွှေရောင်ဖျော့ (Soft Gold) နွေးထွေးမှုနှင့် စစ်မှန်မှုကို ဖော်ပြပေးပါတယ်။
ရွှေဝါရောင် (Golden Yellow) ကျက်သရေနဲ့ပြည့်စုံသော Brand တစ်ခုအဖြစ် မြင်ယောင်စေပါတယ်။
သံလွင်စိမ်းရောင် (Olive Green) သဘာ၀ဆန်တဲ့ခံစားချက်နဲ့ လန်းဆန်းမှုကို ခံစားရပါတယ်။




















Concept 3: ဒီ Concept ကတော့ သဘာဝ၊ ယဉ်ကျေးမှုနှင့်စိုက်ပျိုးရေးတို့ကို ပြေပြစ်စွာ ချိတ်ဆက်ထားပြီး ကုန်အမှတ်တံဆိပ်ကို ရွှေဘိုဆန် အမွေအနှစ်၏ ဂုဏ်ယူဖွယ်ကိုယ်စားပြုမှုတစ်ခုအပြင် မြန်မာနိုင်ငံမှာ ယုံကြည်စိတ်ချရပြီး အရည်အသွေးမြင့် Brand တစ်ခုအဖြစ် မြင်နိုင်မယ့်ပုံစံမျိုးကို ဖန်တီးပေးထားပါတယ်။




