Concept 1
Golden Heritage


Concept:
ဒီ Concept ကို အရည်အသွေးနဲ့ စစ်မှန်မှုကိုဖော်ပြတဲ့ ရိုးရာတံဆိပ်တွေဆီကနေ Ideaယူထားတာပါ။ တံဆိပ်ပုံစံဘောင်လေးက ယုံကြည်ရတဲ့ စိုက်ပျိုးရေး Brand တစ်ခုရဲ့ ခံစားချက်ကို ပေးစွမ်းပြီး ရွှေဘိုဆန်ရဲ့ကာလရှည်ကြာ ရပ်တည်လာခဲ့တဲ့ဂုဏ်သတင်းကို ကိုယ်စားပြုပါတယ်။ အထဲကစိန်ငါးပွင့်ကတော့ Brand နာမည်ကို ကိုယ်စားပြုသလို၊ သန့်စင်မှုနဲ့ သေချာရွေးချယ်ထားတဲ့ ဆန်စေ့တွေကိုပါ ကိုယ်စားပြုပါတယ်။ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းလာတဲ့ လယ်ယာစိုက်ပျိုးရေး အမွေအနှစ်ကနေ ဒီဆန်ကို ထုတ်လုပ်ထားတယ်ဆိုတဲ့ သတင်းစကားကို ဒီီLogo concept နဲ့မြင်ယောင်အောင် ဖန်တီးပေးထားပါတယ်။
Typography:
စာလုံးDesignပိုင်းမှာတော့ ထင်ရှားတဲ့ မြန်မာစာလုံးတွေနဲ့ ရှင်းလင်းတဲ့ အင်္ဂလိပ်စာလုံးတွေကို တွဲသုံးထားပါတယ်။ စာလုံးအထူအပါးက Brand ရဲ့ကာလရှည်ကြာ ရပ်တည်လာခဲ့တဲ့အမွေအနှစ်ကို ထင်ဟပ်စေပြီး၊ အင်္ဂလိပ်စာလုံးတွေက ပိုကျယ်ပြန့်တဲ့ marketအတွက် နိုင်ငံတကာအဆင့်မီ ခံစားချက်ကိုပေးပါတယ်။ ဒါကြောင့် ယုံကြည်ရပြီး ခေတ်အဆက်ဆက် တည်တံ့နိုင်မယ့် Brandတစ်ခုအဖြစ် မြင်သာစေမှာပါ။
Colors Psychology


အဖြူရောင် (White): ဆန်စေ့တွေရဲ့ သန့်စင်မှုနဲ့ အရည်အသွေးကို ဖော်ပြပါတယ်။
ရွှေရောင် (Gold): ကြီးပွားတိုးတက်မှု၊ အဆင့်မှီမြန်မာ့ကောက်ပဲသီးနှံတွေရဲ့ ကြွယ်ဝချမ်းသာမှုကို ထင်ဟပ်စေပါတယ်။
မြစိမ်းရောင်ရင့် (Deep Emerald Green): အထွက်တိုးတဲ့ ဆန်စပါးခင်းတွေကို ကိုယ်စားပြုပြီး အေးချမ်းမှုနဲ့ သဘာဝကျမှုကို ပေါင်းစပ်ပေးထားပါတယ်။
















Concept 1: Badge ပုံစံ Frame ကို အသုံးပြုထားတာကြောင့် ယုံကြည်စိတ်ချရတဲ့ အရည်အသွေးအမှတ်တံဆိပ်တစ်ခုလို ခံစားချက် ပေးပြီး စိန်ငါးပွင့် က Brand Name ကို ကိုယ်စားပြုသလို သန့်ရှင်းမှု၊ အရည်အသွေးမြင့်မှုနဲ့ သေချာရွေးချယ်ထားတဲ့ဆန်စေ့များ ဆိုတဲ့ အဓိပ္ပါယ်ကိုလည်း ဖော်ပြပေးပါတယ်။




Pikstudio - A studio with heart!
Showcasing premium design for diverse industries.
service@pikstudio.website
+6660685217
© 2024. All rights reserved.