Concept 2
Emerald Harvest


Concept: ဒီconceptမှာ စိန်ပွင့်ပုံစံလေးကို ယူသုံးထားတာကတော့ "စိန်ငါးပွင့်" ဆိုတဲ့ နာမည်ကို ရည်ညွှန်းချင်လို့ပါ။ ဒီဇိုင်းမှာ တောက်ပနေတဲ့ ပုံစံလေး သုံးထားတာက သန့်စင်မှု၊ သေသပ်မှုနဲ့ အဆင့်မြင့် စိုက်ပျိုးရေးထုတ်ကုန်ဖြစ်ကြောင်း သိမ်သိမ်မွေ့မွေ့လေး ဖော်ပြနေပါတယ်။ ဒီ Logo concept ကို စိုက်ပျိုးရေးအငွေ့အသက်ကို မပျောက်ပျက်စေဘဲ ခေတ်မှီတဲ့ပုံစံကိုပါ ခံစားမိအောင် ဖန်တီးပေးထားပါတယ်။
Typography:
စာလုံးဒီဇိုင်းမှာတော့ ထင်ရှားပြတ်သားပြီး စနစ်ကျတဲ့ Customized စာလုံးတွေနဲ့ ဖန်တီးထားပါတယ်။ ခိုင်မာတဲ့ စာလုံးအဆွဲအငင်တွေက ယုံကြည်ရမှုနဲ့ အမွေအနှစ်ကို ဖော်ပြပါတယ်။ စာလုံးအစွန်းလေးတွေကို လုံးဝန်းပေးထားတော့ ကြည့်ရတာ ပိုနူးညံ့ပြီး ရင်းနှီးလွယ်တဲ့ ခံစားချက်ကို ရစေပါတယ်။
Colors Psychology




အစိမ်းနုရောင် (Light Mint Green): မြေဩဇာကောင်းတဲ့ စိုက်ခင်းတွေ၊ သဘာဝရဲ့ လတ်ဆတ်မှုနဲ့ ရိတ်သိမ်းမှုရဲ့ သန့်စင်မှုကို ကိုယ်စားပြုပါတယ်။
တောက်ပတဲ့ အစိမ်းရောင် (Vibrant Green): တိုးတက်ကြီးပွားမှု၊ ဆန်စပါးစိုက်ပျိုးမှုနဲ့ စိုက်ပျိုးရေးရဲ့ ရှင်သန်နိုးကြားမှုကို ပြသပါတယ်။
ရွှေဝါရောင် (Golden Yellow): ဆန်စေ့တွေနဲ့ အောင်မြင်တဲ့ ရိတ်သိမ်းမှုကို ကိုယ်စားပြုသလို၊ တန်ဖိုးကြီးမှုနဲ့ နွေးထွေးမှုတွေကို ပေးစွမ်းပါတယ်။
သစ်တောစိမ်းရောင်ရင့် (Deep Forest Green): တည်ငြိမ်မှုနဲ့ ယုံကြည်ရမှုကို ဖော်ပြပြီး Brand ကို သဘာဝဆန်ဆန်နဲ့ ပိုပြီး ခိုင်မာစေပါတယ်။






















Concept 2: ဒီ Concept လေးက ရွှေဘိုဆန်စပါးခင်းတွေရဲ့ အောင်မြင်ဖြစ်ထွန်းမှုနဲ့ ရှင်သန်နိုးကြားမှုကို ကိုယ်စားပြုပြီး ဖန်တီးပေးထားပါတယ်။




