Concept 1
Minimalist Purity


Intro:
Concept အားလုံးမှာ “ကြာပန်း (Lotus)” ပုံသဏ္ဍာန်အမျိုးမျိုးကို အဓိက အသုံးပြုထားပါတယ်။ ဒါကတော့ မြန်မာ့ယဉ်ကျေးမှုမှာ ကြာပန်းကို ဖြူစင်ခြင်း၊ စင်ကြယ်ခြင်းနဲ့ အပြစ်ကင်းစင်ခြင်းတို့ရဲ့ သင်္ကေတအဖြစ် သတ်မှတ်ထားသလို ကြာပန်းဆိုတာ ဗုဒ္ဓဘာသာဝင်တွေ အထွတ်အထိပ်ထားကြတဲ့ ပန်းလည်းဖြစ်ပါတယ်။ ကြာပန်းပုံသဏ္ဍာန်ကို အသုံးပြုခြင်းအားဖြင့် “ရွှေပွင့်” ဆန်ရဲ့ သဘာဝအတိုင်း စင်ကြယ်မှု၊ အရည်အသွေးမြင့်မားမှုနဲ့ အထွတ်အထိပ်ဖြစ်မှုကို ကိုယ်စားပြုစေချင်တာ ဖြစ်ပါတယ်။
Typography:
“ရွှေပွင့်” ဆိုတဲ့ မြန်မာစာလုံးတွေကို နူးညံ့ပြီး လုံးဝန်းတဲ့ ပုံစံ (Round Typeface) နဲ့ ဒီဇိုင်းထုတ်ထားပါတယ်။ ဒါက ရင်းနှီးပွင့်လင်းမှု၊ နွေးထွေးမှုနဲ့ Innocence ဖြစ်မှုကို ပိုမိုအားကောင်းစေပါတယ်။
Colors Psychology


အဖြူရောင် (White): ဆန်စေ့တွေရဲ့ သန့်စင်မှုနဲ့ အရည်အသွေးကို ဖော်ပြပါတယ်။
ရွှေရောင် (Gold): ရွှေရောင် (Gold): တန်ဖိုးရှိခြင်း၊ အရည်အသွေးမြင့်မားခြင်းနဲ့ ပြည့်စုံကြွယ်ဝခြင်းကို ကိုယ်စားပြုပါတယ်။
မြစိမ်းရောင်ရင့် (Deep Emerald Green):သဘာဝတရား၊ လန်းဆန်းမှု၊ ငြိမ်းချမ်းမှုနဲ့ ယုံကြည်မှုကို ဖော်ပြပါတယ်။ ဆန်စပါးရဲ့ သဘာဝရင်းမြစ်ကို ရည်ညွှန်းပါတယ်။






Concept:
ပထမဆုံးမြင်လိုက်တာနဲ့ “နူးညံ့မှု” နဲ့ “သဘာဝဆန်မှု” ကို ခံစားရအောင် ဖန်တီးပေးထားပါတယ်။
ရိုးရှင်းတဲ့ လိုင်းတွေနဲ့ ရေးဆွဲထားတဲ့ ကြာပန်းပုံက အမှတ်တံဆိပ်ရဲ့ Innocence ဖြစ်မှုကို ကောင်းကောင်းဖော်ပြနေပါတယ်။
ရွှေရောင်စာလုံးက တန်ဖိုးမြင့်မားမှုကို ပြသနေပေမယ့် ပုံစံက ရိုးရိုးရှင်းရှင်းနဲ့ ကျော့ရှင်းတဲ့ခံစားချက်ကို ပေးပါတယ်။












Concept 1: နူးညံ့တဲ့ ကြာပန်းလိုင်းတွေနဲ့ ဝိုင်းစက်တဲ့စာလုံးကို သုံးထားလို့ ဖြူစင်ရိုးရှင်းတဲ့ သဘာဝအလှကို အလေးပေးထားတဲ့ Concept ဖြစ်ပါတယ်။


